Wednesday, July 4, 2012

ငါ ဘာကောင်လဲ?





ဝေးနေတုန်းက သတိရတယ်ပြောတာကို ယုံစားပြီး
နီးတော့မှ ကန်ထုတ်နေလားလို့ မြင်ရတာတောင် မယုံရဲတဲ့ကောင်..

ကိုယ့်အတွက် အချိန်တွေသုံးဘို့ နှမြောလို့
မင်းအတွက် အချိန်တွေပေးရင်း အချိန်တန်ဘိုး မသိတဲ့လူလို့ သမုတ်ခံရတဲ့ကောင်..

အဆင်သင့်တွေ လုပ်ပေးလို့ မြင်ရတာလွယ်ကူနေတော့လဲ
မင်းအမြင်မှာ တန်ဘိုးမရှိတာတွေဘဲ လုပ်နေတဲ့ကောင်...

တန်ဘိုးမထားတာတွေ မလုပ်တော့ရင်လဲ
တန်ဘိုးရှိမယ့်ဘာမှ လုပ်စရာမရှိတော့တဲ့ကောင်..

လုပ်ကိုင်ရင်းနဲ့ အမှားတွေ့မလားလို့
တခွန်းကပိုမေးမိလို့ ငတုံး ငအ အမြင်ခံရတဲ့ကောင်...


မမြင်ချင်လို့ ရှောင်နေမှန်းမသိဘဲ
စိတ်ညစ်နေလားလို့ အလိုက်မသိ ဖေးမ,ဘို့ ကြိုးစားမိတဲ့ကောင်..

အနားသွားရင် အနှောက်အယှက်ဖြစ်မလားတွေးလို့
အလိုက်သိ ရှောင်နေတာများတော့ အမေ့ခံရတဲ့ကောင်..

အဝေးက ငေးကြည့်ရင်း.. ဘာလုပ်ပေးနိုင်မလဲ တွေးကြည့်ရင်း
အနီးက နေရာပျောက်သွားရတဲ့ကောင်..

သံယောဇဉ် ဆိုတာကို ဖြတ်ဘို့ကြိုးစားရင်း
ချစ်ရမှန်း မသိတော့ မုန်းရမှန်းလဲ မသိတော့တဲ့ကောင်...

မသိတာတွေများတော့ ခေါင်းပေါ်တက်လဲမသိ
ခြေထောက်နဲ့ ပိတ်ကန်ခံရလဲ မသိသလိုနေနိုင်တဲ့
ထုံပေပေ အကောင်..


အကောင်တော့ အကောင်... ဘာကောင်မှန်း ကိုယ်တိုင်တောင် မသိတော့တဲ့ အကောင်..


3 comments:

  1. ဟဟဟဟဟဟဟဟဟဟ သဘောကျလို့ တကယ် သဘောကျသွားတယ်


    ReplyDelete
  2. ဘာကောင်တုန်း :D

    ReplyDelete
    Replies
    1. ဘာကောင်မှန်း မသိပါဘူးဆို...

      Delete